နိုင်ငံတော်မှထည့်၀င်ငွေနှင့် ပြည်သူလူထုသို့ ရောင်းချမည့် ပမာဏ
ဘတ်(စ်)ကားစနစ်သည် ရန်ကုန်မြို့နေ အများ ပြည်သူတို့၏ သွားလာရေးတွင် အရေးကြီးဆုံးဖြစ်သည့်အပြင် နေ့စဉ်လူ (၂.၅) သန်းဝန်းကျင် ဘတ်(စ်)ကား ကိုသာ သွားလာမှအတွက် မှီခိုနေရသောကြောင့် နိုင်ငံတော်အနေဖြင့် ပိုမို ကောင်းမွန်သော ဘတ်(စ်)ကားစနစ် ပေါ်ထွန်းရေးနှင့် လက်ရှိပြေးဆွဲနေသည့် ပုဂ္ဂလိက တစ်ဦးချင်းပိုင်စနစ်၏ အားနည်း ချက်များကိုကျော်လွှားနိုင်ရန်နိုင်ငံတော်မှဦးဆောင်ပြီး ဘတ်(စ်)ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ထူထောင်ခြင်း ဖြစ်သည်။ နိုင်ငံတော်ဘတ်ဂျက်မှ ထည့်ဝင်ငွေ ကျပ် (၁၀) ဘီလီယံ(၁၀,၀၀၀,၀၀၀,၀၀၀)ဖြစ်၍စုစုပေါင်း ထည့်ဝင် အရင်းအနှီး ကျပ် (၂၅) ဘီလီ ယံအနက် (၄၀%) ဖြစ်သည်။( (က)အစုရှယ်ယာရှင် )၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၏ ဘတ်ဂျက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ခွင့်ပြုပြီး ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍမှ ကျန် (၆၀%) ဖြစ်သည့် ကျပ် (၁၅) ဘီလီယံကို အများပြည်သူသို့ ရောင်းချမည် ဖြစ်ပါသည်။( (ခ)အစုရှယ်ယာရှင် )သို့ပါ၍ အနည်းဆုံးထည့်၀င်ရန် ငွေရင်းပမာဏမှာ (၂၅) ဘီလီယံဖြစ်ပါသည်။ အစုရှယ်ယာတစ်ခုလျှင် ကျပ်တစ်သိန်း (၁၀၀၀၀၀) ဖြင့် ရှယ်ယာအရေအတွက် (၁.၅) သိန်း (၁၅၀,၀၀၀) ဖြင့် ရောင်းချမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့(က)အစုရှယ်ယာရှင်ဘက် မှ အစု (၁၀၀,၀၀၀) အတွက် ရင်းနှီးငွေ (၁၀)ဘီလီယံ(၄၀%) နှင့် (ခ)အစုရှယ်ယာရှင် အတွက် ပုဂ္ဂလိက လုပ်ငန်း ရှင် (၆)ဦးမှ တဦးချင်းအစု (၅၀၀၀) စုစီအတွက် (၃)ဘီလီယံထည့်၀င်ထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အများပြည်သူများသို့ အစုရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်း (၁၀၀၀၀၀) ဖြင့်ရောင်းချခဲ့ရာ ရှယ်ရာရှင် (၁၁၁၄)ဦး သည် အစုရှယ်ယာပေါင်း ၂၄၂၆၄စု ၀ယ်ယူထားပြီး ဖြစ်ပါသည်။အစုရှယ်ယာရောင်းချခြင်းကို ၂၉.၂.၂၀၁၆ ရက်နေ့ တွင်ခေတ္တရပ်ဆိုင်းထားခဲ့ပါသည်။