ဘဏ္ဍာရေးနှင့်စာရင်းစစ်ကော်မတီ

ဘဏ္ဍာရေးနှင့် စာရင်းစစ်ကော်မတီ

အများပိုင်ကုမ္ပဏီအတွက် နိုင်ငံတော်ထည့်ဝင်ရင်းနှီးငွေ၊ ပုဂ္ဂလိကကဏ္ဍမှ စတင်တည်ထောင်သူများ၏ ထည့်ဝင် ရင်းနှီးငွေနှင့် ပုဂ္ဂလိကတစ်ဦးချင်း ထည့်ဝင်ရင်းနှီးငွေများကို စီမံခန့်ခွဲရာတွင် ဒါရိုက်တာဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ လုပ်ဆောင်မည်ဖြစ်ပြီး ရှယ်ယာစတော့များရောင်းချခြင်း၊ ဝင်ငွေနှင့်အသုံးစရိတ်များ စီမံခန့်ခွဲခြင်း၊ ပိုင်ဆိုင်ခွင့်ႏွင့္ပေး ရန်တာဝန်၊ စာရင်းဇယားများ မှန်ကန်စွာ ထားရှိခြင်းစသည့် ဘဏ္ဍာရေးစာရင်းများ ဘဏ္ဍာရေးစာရင်းများကို ယေဘုယျ အားဖြင့်လက်ခံ ကျင့်သုံးသော စာရင်းကိုင်စံများ (generally accepted accounting standard) နှင့်အညီထားရှိပြီး၊ ဌာနတွင်ကြီးကြပ်မှုစနစ် (internal control system) နှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားပါသည်။ အများပိုင်ကုမ္ပဏီဖြစ်၍ ပုံမှန်စစ်ဆေး၍ ဌာနတွင်းစာရင်းစစ်အဖွဲ့ (internal audit team) ခန့်ထားပြီး ငွေကြေးသုံးစွဲ မှုများ၊ ဝင်ငွေများ၊ ကြွေးမြီ များပိုင်ဆိုင်မှုများကို တည်ဆဲဥပဒေများအရ ပြုစုထိန်းသိမ်းမည်ဖြစ်သည်။ ထို့ပြင် ရှယ်ယာ ရှင်များကို အစီရင်ခံရသော CPA လက်မှတ်ရ ပြင်ပစာရင်းစစ်အဖွဲ့ (independent audit team) ခန့်ထားမည် ဖြစ် သည်။ ပြင်ပစာရင်းစစ်ကို တစ်နှစ်တစ်ကြိမ်ပြုသည့် ရှယ်ယာရှင်များ မျက်နှာစုံညီ နှစ်ပတ်လည် အစည်းအဝေးတွင် အများဆန္ဒအရ အတည်ပြုခန့်အပ်တာဝန်ပေးမည်ဖြစ်သည်။ ဘဏ္ဍာရေး ကော်မတီ အနေဖြင့် နေ့စဉ်ဝင်ငွေနှင့် အသုံးစ ရိတ် စာရင်း များပြုစုပြီး ဒါရိုက်တာဘုတ်အဖွဲ့သို့ တင်ပြရမည်ဖြစ် သည်။