ဒါရိုက်တာအဖွဲ့ဝင်များ၏ ကိုယ်ရေးအကျဉ်းချုပ်နှင့်လုပ်ငန်းအတွေ့အကြုံများ

ဒါရိုက်တာအဖွဲ့ဝင်များ၏ ကိုယ်ရေးအကျဉ်းချုပ်နှင့်လုပ်ငန်းအတွေ့အကြုံများ

ရန်ကုန်မြို့နေ အများပြည်သူတို့၏ သွားလာမှုအဆင်ပြေချောမွေ့စေရေး ဦးတည်ချက်ဖြင့် ရန်ကုန် ဘတ်(စ်)ကား စနစ်ကို ပိုမိုကောင်းမွန်စေရန်နှင့် ဝန်ဆောင်မှုမြှင့်တင်နိုင်ရေးအတွက် ရန်ကုန်ဘတ်(စ်)ကား ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ ကိုယ်ရေးအကျဉ်းချုပ်နှင့် လုပ်ငန်းအတွေ့အကြုံများ အကျဉ်းချုပ် ဖော်ပြပါ သည်။

Dr.မောင်အောင် ။ စီးပွားရေးတက္ကသိုလ်မှ B.Com ဘွဲ့ ၊ နယ်သာလန်နိုင်ငံ Institute of Social Studies မှ MA ဘွဲ့ ၊ University of Washington မှ ပါရဂူဘွဲ့ ရရှိခဲ့ပါသည်။ စီးပွားရေးတက္ကသိုလ်၊ ဘောဂဗေဒဌာနတွင် တာဝန်ထမ်း ဆောင်ခဲ့ပြီး၊ UMFCCI တွင် သုတေသနဌာန၏ Senior Economist အဖြစ်လည်းကောင်း၊ UNDP တွင် National consultant အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယခုအခါ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ထမ်းဆောင်လျက်ရှိ ပါသည်။

ဦးကျော်စိုး ။ ၁၉၇၇ ခုနှစ် စစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ B.A ရရှိခဲ့ပြီး၊ သြစတြေးလျနိုင်ငံမှ စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ရရှိခဲ့သည်။ ထို့အတူ ကိုရီးယား၊ မလေး ရှား၊ စင်္ကာပူ၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်နိုင်ငံတို့တွင်လည်း ရက်တိုသင်တန်း များတက်ရောက်ခဲ့ပါသည်။ တပ်မတော် ၁၉၇၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ (၂၈) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဗိုလ်မှူးကြီးအဆင့်မြင့်အငြိမ်းစား ယူခဲ့ပြီး၊ ၂၀၀၅ ခုနှစ်မေလမှစ၍ Yangon City Development Committee (YCDC) တွင် ကော်မတီဝင် တွဲဘက် အတွင်းရေးမှူးအဖြစ် ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ဦး​လှအောင် ။ ၁၉၇၃ ခုနှစ် စစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့ပြီး၊ ၁၉၆၉ မှ ၂၀၀၄ ခုနှစ် အထိတပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်နောက်ပိုင်း မော်တော်ယာဉ်ပြေးဆွဲမှုလုပ်ငန်း လုပ်ကိုင်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ပေးအပ်မှုအရ ရန်ကုန်တိုင်း ဒေသကြီး၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟို ကော်မတီ ဥက္ကဌတာဝန်ကို ၂၅-၇-၂၀၁၁ ရက်နေ့မှ ယခုအထိ တာဝန်ထမ်း ဆောင်လျက်ရှိပါသည်။

ဦးလင်းကိုကို ။ စစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (B.A) DSA နှင့် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ် မဟာဘွဲ့ (MA in English) ကိုရရှိခဲ့ပြီး၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၉ ခုနှစ် ဧပြီလ အထိ တပ်မတော်တွင် ဗိုလ်မှူးအဆင့်အထိ အမှုထမ်းခဲ့ပြီး၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှစ၍အရပ်ဘက်သို့ပြောင်းခဲ့ပါသည်။ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးရာထူးများဖြင့် ထမ်းဆောင်ခဲ့ပါ သည်။ ယခုအခါရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ညွှန်ကြားရေးမှူး တာဝန်ဖြင့် ထမ်းဆောင်နေပါသည်။

ဦးရဲမြင့် ။ ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒအထူးပြုဖြင့် B.Sc ဘွဲ့ ရရှိခဲ့ပြီး၊ ၁၉၉၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အိုလံပစ်ကုမ္ပဏီလီမိတက်တွင် ဒါရိုက်တာ၊ ၂၀၀၁ ခုနှစ်မှ ယခုအထိ Hi-star Co., Ltd. ၏ MD အဖြစ် လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၁၃ မတ်လအထိ High Tech Concrete Technology Co.,Ltd. ၏ MD အဖြစ်လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဇွန်လမှ ၂၀၁၃ ခုနှစ်မတ်လအထိ Future Energy Co., Ltd. ၏ MD အဖြစ်လည်းကောင်း ၊ ၂၀၁၀ မှ ယခု အထိ ရွှေတောင် Hydropower Co., Ltd. ၏ ဒါရိုက်တာ အဖြစ်လည်း ကောင်း၊ ၂၀၁၃ ဧပြီလမှ ယခုအထိ High Tech Concrete Technology Co., Ltd. ၏ ဒုတိယဥက္ကဌနှင့် ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် ၏ ဒါရိုက်တာ အဖြစ်လည်းကောင်း ဆောင်ရွက်နေပါသည်။

ဦးခင်ထွန်း ။ ၁၉၈၀ ခုနှစ် အ.ထ.က (၆) ဗိုလ်တထောင်မှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီး၊ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဓါတုဗေဒအထူးပြုဖြင့် B.Sc ဘွဲ့ရရှိခဲ့ပြီး၊ ၁၉၈၈ မှ ၁၉၉၇ခုနှစ်အထိ ဂျပန်နိုင်ငံတွင် ဘွဲ့လွန်အတွက်  ပညာသင်ကြားရင်း အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစပြီး ကိုယ်ပိုင် အထည်ချုပ်စက်ရုံ တည်ထောင်ပြီး ယနေ့အထိ လုပ်ကိုင်နေပါသည်။ ၂၀၁၂ မှ စ၍ Capital Automotive Ltd. ၏ Managing Director (MD) အဖြစ်လုပ်ကိုင်ပါသည်။ Ford ၊ Land Rover ၊ Jaguar ၊ John Deere Brand များ၏ မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ် တင်သွင်းဖြန့်ဖြူး လျက်ရှိပါသည်။

ဦးဇော်လေး ။ ၁၉၇၉ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ဓါတုဗေဒအထူးပြုဖြင့် B.Sc ဘွဲ့ရရှိခဲ့ပါ သည်။ ဥက္ကဌ (Chairman) အဖြစ် General Group of Companies တွင် တာဝန်ထမ်းဆောင်နေပြီး၊ Group of Companies ပါဝင်သည့် ကုမ္ပဏီများအနက် Fisheries & Marine Products 2000 Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ကျန်သည့် ကုမ္ပဏီများမှာ Yuri Meiko Trading Co., Ltd. ၊ General Arr Mahn Thit Co., Ltd. နှင့် Green Land Myanmar Co., Ltd. တို့ပါဝင်ပါသည်။

ဒေါ်မြင့်မြင့်ဝင်း  ။  ၁၉၉၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ B.Sc ရရှိ ခဲ့ပါသည်။ ရွှေသံလွင် Group of Companies ၏ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ်ဆောင်ရွက်နေပြီး၊ လုပ်ငန်းများဖြစ်သည့် ကုန်သွယ်မှု၊ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ မီဒီယာလုပ်ငန်း၊ City Bus လုပ်ငန်းများလုပ် ကိုင်နေပါသည်။

ဦးဇေယျသူရမွန် ။ ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာဖြင့် B.A (History) ဘွဲ့၊ A.G.T.I (Mechanical Power) ဖြင့် ဘွဲ့ရှိခဲ့ပါသည်။ လုပ်ငန်းများအနေဖြင့် Zaya Associates Co., Ltd. နှင့် Gunkirl Engineering Supply Co., Ltd. တို့၏ CEO လည်း ဖြစ်သည်။ အဓိကလုပ်ငန်းများအနေဖြင့် လျှပ်စစ်ဆိုင်ရာ ထုတ်ကုန်များ (Electrical Products) များတင်သွင်းခြင်း၊ ဝန်ကြီးဌာနများ နှင့် ပြည်တွင်း ဈေးကွက်သို့ ဖြန့်ဖြူးခြင်းတို့ ပြုလုပ်ပါသည်။ ထို့ပြင် စွမ်းအင်နှင့် ပတ်သက် သောလုပ်ငန်းများ၊ လျှပ်စစ်နှင့်အင်ဂျင်နီယာ ဒီဇိုင်းလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတကာကုမ္ပဏီများနှင့် ပေါင်းစပ်ပြီး မြန်မာနိုင်ငံအတွက်လုပ်ဆောင်နေပါသည်။မြန်မာနိုင်ငံသားများဘဏ်၏ ဒါရိုက်တာအဖွဲ့၀င်လည်းဖြစ်ပါသည်။

ဦးအောင်မြတ် ။ အဘဦးသိန်းမြင့် နှင့် အမိဒေါ်ကျင်အေးတို့မှ ၁၉၆၈ ခုနှစ်၊ မတ်လ(၃)ရက်နေ့၊ တွင် တောင်ဥက္ကလာပမြို့၊ ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီးအခြေခံပညာအထက်တန်းကို အ.ထ.က(၂) ဗဟန်း အခြေခံပညာအထက်တန်းကျောင်း မှ ၁၉၈၄ ခုနှစ်တွင် အောင်မြင်ခဲ့ကာလှိုင်တက္ကသိုလ်မှ ၁၉၉၃ခုနှစ်တွင် Geology (B.Sc) ဘွဲ့ အားရရှိခဲ့သည်။ လုပ်ငန်းများအနေဖြင့် ၁၉၉၇ ခုနှစ်၌ Mother Trading Co., Ltd. အားဦးဆောင်ခဲ့ပြီး၊ အခြားသောလုပ်ငန်း များစွာ၌လည်း ယခုအချိန်ထိ ဦးဆောင်ကာ ယခု Integrated Smart Solution Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာ တာ၀န်များကိုပါ ယနေ့ထိတာ၀န်ထမ်းဆောင်နေဆဲဖြစ်ပါသည်။