စီးပွားရေးလုပ်ငန်းများ

(၁) ခရီးသည် ပို့ဆောင်ရေလုပ်ငန်းမှ ဝင်ငွေရှာဖွေခြင်း။ 
             သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်ထားသည့် ယာဉ်စီးခ နှုန်းထားဖြင့် ထွက်ကား စီးရေနှင့်ခေါက်ရေးများကို စီးနင်းသည့် ခရီးသည် ပမာဏပေါ် မူတည်၍ တိုးချဲ့ပြေးဆွဲကာ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းအား ဆောင်ရွက်လျှက်ရှိပါသည်။


(၂) ပို့ဆောင်ရေးနှင့်ဆက်စပ်သောလုပ်ငန်းများမှ ဝင်ငွေ ရှာဖွေ ခြင်း။  
            “ခရီးသည်ပို့ဆောင်ရေး ယာဉ်ကြီးမောင်း သင်တန်းကျောင်း” ကို (၁.၂.၂၀၂၄) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး (၃၀.၉.၂၀၂၅) ရက်နေ့အထိ သင်တန်း အပတ်စဉ် (၁၈) ခု နှင့် သင်တန်းသားဦးရေ (၁,၄၁၂) ဦးတို့အား သင်ကြားပေးခဲ့ပြီး ဝင်ငွေ ရရှိအောင် ဆောင်ရွက် လျှက်ရှိပါသည်။


(၃)    အခြားလုပ်ငန်းများမှ ဝင်ငွေရှာဖွေခြင်း။
            အရင်းကြေ ကာလတိုတောင်း၍ အမြတ်ရရှိရန်အတွက် ဝင်ငွေရရှိမည့် အခြား လုပ်ငန်းများကိုလည်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းလျှက် ရှိပါသည်။ (ဥပမာ- ယာဉ်ရပ်နားစခန်း(Bus Terminal))