စီမံအုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းခြင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးအရအဖွဲ့မှ ထည့်ဝင်သည့် အစုရှယ်ယာကို ကိုယ်စား ပြုခန့်အပ်သည့် ဒါရိုက်တာအဖွဲ့ဝင်များအား “က” ဒါရိုက်တာ အဖြစ် သတ်မှတ်ပြီး ပုဂ္ဂလိက ကဏ္ဍကိုယ်စားပြုသည့် ဒါရိုက်တာများကို “ခ” ဒါရိုက်တာများအဖြစ် သတ်မှတ် ပါသည်။
စီမံအုပ်ချုပ်မှုအဖွဲ့ကိုဒါရိုက်တာအဖွဲ့ဝင် (၁2) ဦးဖြင့် စီမံအုပ်ချုပ်မည်ဖြစ်ပြီး “က” ဒါရိုက်တာ (၄) ဦးနှင့် “ခ” ဒါရိုက်တာ (8) ဦးတို့ပါဝင်ပါသည်။
“က”ဒါရိုက်တာများ အနေဖြင့် အများနှင့်သက်ဆိုင်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် အဓိက ပါဝင်လုပ်ဆောင်မည် ဖြစ်ပြီး လုပ်ငန်း လက်တွေ့ လည်ပတ်မှု ကိုမူ “ခ” ဒါရိုက်တာများမှ အဓိကလုပ်ဆောင်မည်ဖြစ်သည်။
ဥက္ကဌရာထူးကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခန့်အပ်သည့် “က” ဒါရိုက်တာများထဲမှ ရွေးချယ်ခန့်အပ်ပါသည်။

