ဒါရိုက်တာအဖွဲ့ဝင်များခန့်အပ်ခြင်း

ဒါရိုက်တာအဖွဲ့ဝင်များခန့်အပ်ခြင်း

နိုင်ငံတော်ပိုင်းမှ ထည့်ဝင် သည့်အပိုင်းမှ ခန့်အပ်သည့် ဒါရိုက်တာအဖွဲ့ဝင်များကို “က” ဒါရိုက်တာအဖြစ် သတ်မှတ်ပြီး ပုဂ္ဂလိက ကဏ္ဍကိုယ်စားပြုသည့် ဒါရိုက်တာများကို “ခ” ဒါရိုက်တာများအဖြစ် သတ်မှတ် ပါသည်။ ဒါရိုက်တာ ဘုတ်အဖွဲ့ကို အဖွဲ့ဝင် (၁၀) ဦးဖြင့် စီမံအုပ်ချုပ်မည်ဖြစ်ပြီး “က” ဒါရိုက်တာ (၄) ဦးနှင့် “ခ” ဒါရိုက်တာ (၆) ဦးတို့ပါဝင်ပါသည်။ “က” ရှယ်ယာရှင်များအနေဖြင့် အများနှင့်သက်ဆိုင် သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် အဓိကပါဝင်လုပ်ဆောင်မည်ဖြစ်ပြီး လုပ်ငန်း လက်တွေ့ လည်ပတ်မှု ကိုမူ “ခ” ဒါရိုက်တာများမှ အဓိကလုပ်ဆောင်မည်ဖြစ်သည်။ နိုင်ငံတော်ပိုင်းမှ ခန့်အပ်သည့် “က” ဒါရိုက်တာများထဲမှ ဥက္ကဌကို ရွေးချယ်ခန့်အပ်ပါသည်။