ပုံမှန်ဝင်ငွေရရှိရေးနှင့် အမြတ်ရရှိနိုင်မှုအခြေအနေ

ပုံမှန်ဝင်ငွေရရှိရေးနှင့် အမြတ်ရရှိနိုင်မှုအခြေအနေ

ကုမ္ပဏီ၏ အဓိကဝင်ငွေမှ ဘတ်(စ်)ကားလက်မှတ်ရောင်းရသည့်ဝင်ငွေပင်ဖြစ်သည်။ ကားသစ် ကြီးများ ဖြစ် ခြင်း၊ လေအေးပေးစက်၊ ICT အခြေပြုသတင်းပေးခြင်း၊ လက်မှတ်စနစ် ကျင့်သုံးခြင်း၊ အမြန်လမ်းဖြစ်၍ ကောက်ခံသည့် ဘတ်(စ်)ကားနှုန်းထားမှာ လက်ရှိ ရိုးရိုးဘတ်(စ်)ကားများထက် အနည်းငယ်မြင့်မည်ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက် ပုံသေယာဉ်စီးခနှုန်းထားသတ်မှတ်ပါမည်။ လက်မှတ်များကို မှတ်တိုင်များတွင် ရောင်းချမည်ဖြစ်ပြီး ခရီးသည်များ အနေဖြင့် လက်မှတ်ဖြင့် ဘတ်(စ်) ကားရှေ့ပေါက်တက်ပြီး ကားမောင်းသူ၏ အနီးတွင်ရှိသည့် sensor စက်တွင် မှန်ကန် မှုစစ်ဆေးခြင်းကို အလိုအလျောက်ပြုလုပ်မည်ဖြစ်ပါသည်။ ဆင်းမည့်သူများအတွက် နောက်တံခါးမှ ဆင်းရမည်ဖြစ် သည်။ ယာဉ်မောင်းအပါအဝင် ခရီးသည်များ၊ မမှန်မကန်မလုပ်နိုင်ရေး၊ ကားပေါ်တွင် ခါးပိုက်နှိုက်များ မလုပ် ဆောင်နိုင် ရေးအတွက် ကားတိုင်းတွင် ဗီဒီယိုကင်မရာ (၄)လုံးစီပါရှိပြီး control room မှ ကြည့်ရှုစစ်ဆေး မှု လုပ်နိုင်ပါသည်။ လက်မှတ်ခကိုလည်း အများပြည်သူစီးနိုင်ရန် သင့်တင့်သော အခနှုန်းထားဖြင့် စတင် မည်ဖြစ်ပါသည်။ ရွေးချယ်ထား သည့် လမ်းကြောင်း (၂) ကြောင်းမှာ ခရီးသည်အများဆုံးအသုံးပြုနေ သည့်လမ်းကြောင်းများဖြစ်ပြီး နေ့စဉ်ခန့်မှန်းခြေ ခရီးသည် (၅သိန်း နှင့် ၇သိန်း) ခန့်ရှိကြောင်း မ.ထ.သ စာရင်းများအရသိရပါသည်။ကုမ္ပဏီ၏ပေးသည့် ပိုမိုကောင်းသည့် ဝန်ဆောင်မှု၊ဘေးကင်းလုံခြုံစိတ်ချရမှု၊ သက်တောင့်သက်သာရှိမှု၊ အချိန်မြန်မှုတို့ကြောင့် အဆိုပါ လိုင်းများတွင် အစပိုင်းအခက်အခဲရှိနိုင် သော်လည်း ဝန်ဆောင်မှုကောင်းမှုကြောင့် ပုံမှန်ခရီးသည် ရရှိမည်ဖြစ်ကြောင်း ခန့်မှန်းထား ပါသည်။ ထို့အတွက် တည်ငြိမ်သည့်ဝင်ငွေကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။

ကုမ္ပဏီ၏ အမြတ်ရရှိနိုင်စွမ်း (Profitability) နှင့် ပတ်သက်၍မူ လုပ်ငန်းသစ်နှင့် စနစ်သစ်များ ဖြစ်ခြင်း၊ အစပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုစရိတ်များ၊ တည်ဆောက်သည့်စရိတ်များကြီးမားခြင်းနှင့် ဝင်ငွေ ရရှိရန်လက်ရှိပြေး ဆွဲနေသူ များနှင့် ယှဉ်ပြိုင်ရခြင်းစသည်တို့ကြောင့် အစပိုင်း (၁) နှစ် (၂) နှစ်အတွင်း အမြတ်ရရှိရန် ကုမ္ပဏီအနေဖြင့် မမျှော်လင့်ပါ။ သို့သော် ဘတ်(စ်)ကားစနစ်သစ်ကို ခရီးသွားပြည်သူများ လက်တွေ့စီးနင်းပြီး ကြိုက်နှစ်သက်မှုများလာသည်အမျှ ဝင်ငွေ လည်းသိသိသာသာ မြှင့်တက်လာမည် ဖြစ်ပါသည်။ နိုင်ငံတကာ၏ အတွေ့အကြုံများအရလည်း အစပိုင်းတွင် ရှုံးလေ့ ရှိပါသည်။ ကုမ္ပဏီအနေ ဖြင့် တစ်ဘက်မှ အများပြည်သူတို့၏ သွားလာမှုပိုမိုအဆင်ပြေရေး ဦးစားပေးသလို ရေရှည် တည်တံ့ပြီး အကျိုးအမြတ်ရှိသည့် လုပ်ငန်းဖြစ်ပေါ်စေရေးအတွက် ဘတ်(စ်)ကား ပြေးဆွဲရေးတွင် အတွေ့အကြုံ ရှိသည့် လုပ်ငန်းရှင်များ ဒါရိုက်တာအဖွဲ့ဝင်များ အဖြစ်ပါဝင်သလို နိုင်ငံတော်ဘက်မှလည်း လုပ်ငန်း အောင်မြင်ရန် အဘက်ဘက် မှ ပံ့ပိုးမည်ဖြစ်၍ (၃-၄) နှစ်အတွင်း အမြတ်ရရှိနိုင်သည့်လုပ်ငန်းဖြစ်ပါသည်။