ဒါရိုက်တာအဖွဲ့ဝင်များ၏ အဓိကတာဝန်များ

ဒါရိုက်တာအဖွဲ့ဝင်များ၏ အဓိကတာဝန်များ

ဒါရိုက်တာအဖွဲ့ဝင်များ၏ အဓိကတာ ဝန်များမှာ ကုမ္ပဏီ၏ အဓိက ရည်မှန်းချက် (၃) ရပ် လက်တွေ့အကောင်အထည်ဖော်ရေး တာဝန်ယူရမည်ဖြစ်သလို အများပိုင်လုပ်ငန်း ဖြစ်၍ ပထမအစပိုင်းတွင် အရှုံးပေါ်နိုင်သော်လည်း ရေရှည်အကျိုးအမြတ်ရရှိအောင် လုပ်ဆောင် ရေးနှင့် ကုမ္ပဏီ၏လုပ်ငန်းများ ရေရှည်တည်တံ့ဖြစ်ထွန်းရေးတို့အတွက် လုပ်ဆောင်ကြရမည်ဖြစ်သည်။ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုရှိရေး၊ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်းများနှင့် ကိုက်ညီရေး၊ တည်ဆဲဥပဒေ များနှင့် ညီညွတ်စေရေးတို့အတွက် အဓိကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ ဖွဲ့စည်းပုံ ဇယားတွင် ဖော်ပြထားသည့် အတိုင်း ကုမ္ပဏီ၏ လုပ်ငန်းများ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် ကော်မတီ (၄) ရပ်ဖွဲ့စည်းဆောင်ရွက်ပါမည်။