ကားလမ်းကြောင်းများ ထပ်မံတိုးချဲ့ရန်ရှိ

ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်တွင် BRT LITE စနစ်ဖြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို ခေတ်မီနောက်ဆုံးပေါ် အဆင့်မြင့် မော်တော်ယာဉ်ကြီးများဖြင့် လမ်းကြောင်း (၁) ပြည်လမ်း နှင့် လမ်းကြောင်း (၂) ကမ္ဘာအေးဘုရားလမ်းတို့၌ ပြေးဆွဲလျက်ရှိရာ ခရီးသွားပြည်သူများ တခဲနက် အားပေးစီးနင်းမှုအပေါ် ဤကုမ္ပဏီမှ အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် ခရီးသွားပြည်သူများသွားလာမှု ပိုမိုအဆင်ပြေစေရေးကိုရည်ရွယ်၍ မကြာမီကာလအတွင်းအမှတ် (၃) လမ်းမ ၊ မြောက်ဥက္ကလာ ၊ ကမ္ဘာအေး ၊ တက္ကသိုလ်ရိပ်သာလမ်း ၊ အင်းစိန်လမ်းတို့ကိုတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။