Error message

Notice: Trying to access array offset on value of type bool in at_generate_html_classes() (line 69 of /home2/cp049743/public_html/yangonbuspubliccompany.com/sites/all/themes/adaptivetheme/at_core/inc/generate.inc).

စိန်ခေါ်မှုများ၊ ဆုံးရှုံးနိုင်မှု အလားအလာများ

စိန်ခေါ်မှုများ ၊ ဆုံးရှုံးနိုင်မှုအလားအလာများ

ရန်ကုန်ဘတ်(စ်)ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီအနေဖြင့် စနစ်သစ်များဖြင့် ပြိုင်ဆိုင်မှု ကြီးမားသည့် ရန်ကုန်ဘတ်(စ်)ကားလုပ်ငန်းတွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် လုပ်ငန်းလုပ်ဆောင်မှု ဆိုင်ရာစိန် ခေါ်သူများ (operational challenges) အနေဖြင့် အဆိုပါလိုင်းများ တွင် လက်ရှိဘတ်(စ်)ကားပြေးနေသည့် ဘတ်(စ်)  ကားလိုင်းများ၏ အနှောင့်အယှက်ပေးမှု၊ ပြိုင်ဆိုင်မှု၊ တိုက်ခိုက်မှုများပေါ်လာနိုင်ပေသည်။ အထူးသဖြင့် လက်ယာအစွန် ဆုံးလမ်းတွင် ဘတ်(စ်)ကားအားလုံး ပြေးဆွဲရမည်ဖြစ်၍ ကုမ္ပဏီ၏ အမြန်ကားများလမ်းပိတ်ထားခြင်း၊ အမြန်ကား မှတ်တိုင်များရှိ ခရီးသွား များ လု၍တင်ဆောင်ခြင်း၊ ယာဉ်မောင်းအချင်းချင်း စကားများရန်ဖြစ်ခြင်း စသည်တို့ ပေါ်ပေါက်နိုင် ပါသည်။ ထို့အတွက် လုပ်ငန်းပထမပိုင်းတွင် လက်ရှိပြေးဆွဲနေသူများ၏ အနှောင့်အယှက် များရှိ နိုင်သလို ညာဘက် အစွန်ဆုံးလမ်းတွင် ညာဘက်သို့ကွေ့မည့် ကိုယ်ပိုင်ကားများ၏ လမ်းကြောပိတ်မှု ဖြစ်ပေါ်နိုင် သည်။ ထို့အတူ လက်တွန်းလှည်းအပါအဝင် အနှေးယာဉ်၊ အသေးစား စည်ပင်အမှိုက်တွန်းလှည်း၊ လမ်းဘေး ကျူးကျော်ဈေးသည်နှင့် လမ်းမပေါ်လမ်းလျှောက်သည့် လူများကြောင့် လုပ်ငန်းနှောင့်နှေး ကြန့်ကြာနိုင် ပါသည်။ သို့ဖြစ်၍ လုပ်ငန်းစီမံကိန်းအရ ရည်မှန်းထားသည့်တစ်ရက် (နံနက် ၀၆:၃၀ နာရီမှ ည ၁၉:၀၀) အထိ ခေါက်ရေ (၄) ကြောင်း အပြည့်အဝဆွဲနိုင်ရေး ထိခိုက်နိုင်ပါသည်။ ထို့ပြင် လက်ရှိ ကိုယ်ပိုင်ကားများ ညာအစွန်ဘက် လမ်းမောင်းနေကျဖြစ်၍ ၎င်းတို့၏ အနှောင့် အယှက်များလည်း ဖြစ်ပေါ်နိုင်ပါသည်။

နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ (technical challenges) အနေဖြင့် ကားသစ်များဖြစ်၍ ခန့်ထားသည့် ဒရိုင်ဘာများ ကျွမ်းကျင်မှုနည်းလျှင် ကိုယ်တွယ်ထိန်းသိမ်းနိုင်မှု အားနည်းခြင်းကြောင့် အချိန်တိုအတွင်း ပျက်စီး ဆုံးရှုံး နိုင်ပါသည်။ ထို့ပြင် အသုံးပြု မည့် ကားအမျိုးအစားကွဲခြားမှုကြောင့် ပြုပြင်ထိန်းသိမ်းမှုအခက်အခဲနှင့် သင်တန်းပို့ချမှု အခက်အခဲများ ရှိနိုင်ပါသည်။ ပထမဆုံး ICT အခြေပြု သတင်းအချက်အလက်ပေးခြင်းတွင်လည်း ကျွမ်းကျင် ဝန်ထမ်း ရှားပါးမှုကြောင့် အချိန်လိုက်သတင်းပေး နိုင်မှုအားနည်းနိုင်ပါသည်။