စိန်ခေါ်မှုများ၊ စွန့်စားမှုများကို ကျော်လွှားမည့်အစီအစဉ်များ

စိန်ခေါ်မှုများနှင့်စွန့်စားမှုများကိုကျော်လွှားမည့် အစီအစဉ်များ

ကုမ္ပဏီအနေဖြင့် အထက်ပါ စိန်ခေါ်မှုများနှင့် စွန့်စားမှုများ (risk factors) ကိုဖြေရှင်း ကျော်လွှား နိုင်သည့် အလားအလာများရှိပါသည်။ လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ စိန်ခေါ်မှုများအနက် ပြင်ပ ပရောဂ ကြောင့် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု များဖြင့် ဖြေရှင်းနိုင်ရန် ကြိုတင် စီမံထား ပါသည်။ အဆိုပါလမ်းကြောင်းများတွင် ယှဉ်ပြိုင်ပြေးဆွဲမည့် ပုဂ္ဂလိကဘတ်(စ်)ကားများ၏ အနှောင့်အယှက် လျော့နည်း ရေးအတွက် ပိုင်ရှင်များနှင့်ယာဉ်မောင်းသူများ ယာဉ်နောက်လိုက်များကို ကြိုတင်ပညာပေးခြင်း၊ ပူးပေါင်း ဆောင်ရွက် ရန်စည်းရုံးခြင်းတို့ကို မ.ထ.သ မှ တဆင့် ဆောင်ရွက်မည်ဖြစ်ပါသည်။ ထို့အတူ အခြားကားများ ဝင်ရောက် မမောင်း စေရန် မီဒီယာများမှ တဆင့် ကြိုတင်အသိပေးခြင်း၊ အဆိုပါလမ်းကြောင်းများတလျှောက် မီးပွိုင့်တိုင်းတွင် CCTV ကင်မရာ များတပ်ဆင်ပြီး ထိန်းကျောင်းခြင်း၊ လမ်းကြောင်းတလျှောက် ယာဉ်ထိန်းရဲများချထားခြင်း၊ အကယ်၍ ဘတ်(စ်)ကား လမ်းကြောင်းသို့ ကိုယ်ပိုင်ယာဉ်များဝင်ရောက်မမောင်းနှင်နိုင်ရန် ပုဂ္ဂလိကမော်တော်ယာဉ် ဥပဒေအရ ချက်ချင်းအရေးယူအပြစ်ပေးခြင်းကို လုပ်ဆောင်မည်ဖြစ်ပါသည်။ ထို့အတူ နည်းပညာဆိုင် ရာစိန်ခေါ်မှုများ (technical challenges) ဖြစ်သည့် ကားသစ်ကြီးများ အဆင်ပြေချောမွေ့စွာ မောင်းနှင်နိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေးတို့အတွက် ရောင်းချသည့်ကုမ္ပဏီများမှလိုအပ်သည့် သင်တန်း ပေးခြင်းနှင့် လိုအပ်သည့်အထောက်အကူပစ္စည်း တန်ဆာပလာများ ပံ့ပိုးပေးခြင်း၊ သတ်မှတ်ထားသည့် အာမခံကာလ (၃) နှစ်အတွင်း ချို့ယွင်းပျက်စီးပါက တာဝန်ယူစေခြင်းတို့ လုပ်ဆောင် ထားပါသည်။ သဘာဝဘေးနှင့် မတော်တဆမှုများအတွက် ဆုံးရှုံးမှုနည်းနိုင်သမျှနည်းစေရန် ကုမ္ပဏီပိုင်ဆိုင်မှုများ ဖြစ်သည့် အဆောက်အဦများ၊ မော်တော်ကားများကို အာမခံထားရှိမည်ဖြစ်သည်။ ယာဉ်မောင်းအပါအဝင်  ကုမ္ပဏီ၏ ဝန်ထမ်းများနှင့် ပတ်သက်၍ လုပ်ငန်းခွင် စည်းကမ်းပျက်မှု၊ ချို့ယွင်းမှုများကြောင့် ရှယ်ယာရှင် များ၏ ငွေကြေးအရင်း အနှီးမဆုံးရှုံးစေရန်အတွက် အဓိကလုပ်ငန်းကြီးကြပ်မှုညွှန်ကိန်းများ (key performance indicators-KPI) အသုံးပြု ပြီးလုပ်ဆောင်သွားမည်ဖြစ်သည်။ အထူးသဖြင့် ယာဉ်မောင်း များနှင့် ပတ်သက်၍ KPI များအဖြစ် ဘေးကင်း လုံခြုံစွာမောင်းနှင်နိုင်မှု၊ သတ်မှတ်စည်းမျဉ်းစည်းကမ်း များအတိုင်းလိုက်နာမှု၊ ခရီးသည်များအပေါ် ဝန်ဆောင်မှု ကောင်းမှု၊ မော်တော်ယာဉ်အပျက်အစီးနည်းမှု စသည်တို့ဖြင့် ထိန်းကျောင်းမည်ဖြစ်ပြီး၊ သတ်မှတ်လစာထဲမှ KPI ညွှန်ကိန်းများအရ လျှော့ချခြင်း၊ Performance ကောင်းသူများ အပြည့်အဝခံစားစေခြင်းတို့ ဆောင်ရွက်သွား မည်ဖြစ်သည်။ ရာသီဥတုဖောက်ပြန်မှု၊ ငလျှင် ၊ မီးဘေးစသည့် သဘာသဘေးအန္တရာယ်များ (natural disaster) ကျရောက် နိုင်မှုကြောင့် ကုမ္ပဏီအနေဖြင့်ဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရန်အာမခံထားမည်ဖြစ်သည်။ ထို့အတူယာဉ် မောင်းသူများ၏စည်းကမ်းဖောက်ဖျက်မှု၊ပေါ့ဆမှု နှင့် ယာဉ်တိုက်မှုစသည့် (man made disaster) များအတွက် အခြေခံလစာမှ လျော်ကြေးအဖြစ်ပေးဆောင်ရန်ဒါရိုက်တာအဖွဲ့ ၏သဘောတူဆုံးဖြတ်ချက်လုပ်ဆောင်မည်ဖြစ်သည်။ ထို့အပြင် လက်မှတ် စနစ်ကိုလည်းရိုးရှင်းလွယ်ကူပြီးအများ အလွယ်တကူ သုံးစွဲနိုင်စေရန် စီမံထားပါသည်။ ကုမ္ပဏီ အနေဖြင့် ကနဦးကမကထ ပြုလုပ်သူများအနေဖြင့် ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည့် အလျောက် ၎င်းတို့၏ အတွေ့အကြုံ များဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုများဖြင့် လည်းကောင်း စိန်ခေါ်မှုများ ကျော်လွှားနိုင်ပြီး စွန့်စားမှု (risks) အနည်းဆုံးဖြစ်စေရန်လုပ်ဆောင်နိုင်စွမ်း ရှိပါသည်။ မော်တော်ယာဉ်လိုင်းပြေးဆွဲမှုတွင် မူလရှိပြီး ဖြစ်သည့် ပုဂ္ဂလိကပိုင်လိုင်းများနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်ပါသည်။ ထိုအတွက် အစပိုင်းတွင် ခရီးသည်ရရှိရန် အခက်အခဲ  များရှိနိုင်ပါသည်။ သို့သော် ကုမ္ပဏီ အနေဖြင့် လက်ရှိဘတ်(စ်)ကားစနစ်၏ အားနည်းချက်များဖြစ်သည့် ဘေးကင်း လုံခြုံမှု၊ သက်တောင့် သက်သာရှိမှု၊ အချိန်မြန်မှု၊ မြင်သာထင်သာရှိမှုတို့အပြင် အများပိုင်ကုမ္ပဏီ၏ ဝန်ဆောင်မှုများ အဘက်ဘက်မှ သာလွန်မည်ဖြစ်ခြင်း၊ ဈေးနှုန်းကိုလည်း အများပြည်သူစီးနိုင်သည့်အခကို ယူမည်ဖြစ်၍ ပုဂ္ဂလိကပိုင် ဘတ်(စ်)ကားများကို ကောင်းစွာယှဉ်ပြိုင်နိုင်သည့်အပြင် ပြည်သူတို့၏ အသိအမှတ်ပြုမှုနှင့် ကြိုက်နှစ်သက်မှုအရ အောင်မြင်လာမည်ဖြစ်ပါသည်။