ပုဂ္ဂလိကကဏ္ဍမှရင်းနှီးမြှုပ်နှံမူ

ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု

အများနှင့် သက်ဆိုင်သော ကုမ္ပဏီဖွဲ့စည်းနိုင်ရန် ပုဂ္ဂလိကကဏ္ဍမှ ကနဦးရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ကိုယ်စားပြုပါ၀င်သူ (၆) ဦး ပါဝင်ပြီး တစ်ဦးစီ၏ ရှယ်ယာ ဝယ်ယူနိုင်သည့် ပမာဏကို စုစုပေါင်း ထည့်ဝင်သောအရင်းအနှီး (Paid up Capital) ၏ (8%) နှင့်ညီမျှသည့် ကျပ် (၂) ဘီလီ ယံအထိသာ ခွင့်ပြုပါသည်။ တစ်ဦးလျှင် ကနဦး ထည့်ဝင်မှုကို ကျပ်သန်း (၅၀၀) စီဖြင့် ထည့်ဝင်ထားပြီး ကျန်သည့် ကျပ် (၁.၅) ဘီလီယံကို ငွေသားဖြင့်ဖြစ်စေ၊ in kind brand new ဘတ်(စ်)ကားများဖြင့်ဖြစ်စေ လုပ်ငန်းစတင် လုပ်ဆောင်နေ သည့် တစ်နှစ်အတွင်း ကနဦးရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ကိုယ်စားပြုပါ၀င်သူ (၆) ဦး၏ ထပ်မံထည့်ရမည့် စုစုပေါင်းအရင်းအနှီး ပမာဏမှာ ကျပ် (၇.၅) ဘီလီယံဖြစ်သည်။ ကနဦးဝယ်ယူမည့်ကားသစ် (၆၅) စီးကို နိုင်ငံတော်ထည့်ဝင်ငွေကျပ် (၁၀) ဘီလီယံ ကနဦးရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ကိုယ်စားပြုပါ၀င်သူ (၆) ဦး ပထမအရစ်ထည့်ဝင်ငွေကျပ် (၃) ဘီလီယံ စုစုပေါင်း (၁၃) ဘီလီယံမှ ဝယ်ယူခြင်းဖြစ်သည်။ လုပ်ငန်းတိုးချဲ့သည့်အခါ ကနဦး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ကိုယ်စားပြုပါ၀င်သူ (၆) ဦးအနေဖြင့် inkind ထပ်မံ ထည့်ဝင်နိုင် ပါသည်။ ဒါရိုက်တာအဖွဲ့ ဆုံးဖြတ် ချက်ဖြင့် ထည့်ဝင်မည်ဖြစ်ပါသည်။