အစုရှယ်ယာရှင်များထည့်ဝင်မည့်ငွေများအား သုံးစွဲမည့်အစီအစဉ်

အစုရှယ်ယာရှင်များ ထည့်ဝင်မည့်ငွေများအားသုံးစွဲမည့်အစီအစဉ်

နိုင်ငံတော်ထည့်ဝင်ငွေ ကျပ် ၁၀ ဘီလီယံ၊ ကုမ္ပဏီစတင်တည်ထောင်သူများထည့်ဝင်ငွေနှင့် ရှယ်ယာရှင်များ ထည့်ဝင်ရင်းနှီးငွေ (၁၅) ဘီလီယံ၊ထိမျော် မှန်းပြီးစုစုပေါင်းကျပ်ငွေ (၂၅) ဘီလီယံကို သုံးစွဲမည့် အစီအစဉ်မှာ အရင်းအနှီး အများစုဖြစ်သည့် စုပေါင်းထည့်ဝင်အရင်းအနှီး၏ ထက်ဝက်ခန့်၊ တန်ဘိုးအား ဖြင့် ကျပ်ငွေ (၁၂.၅) ဘီလီယံခန့်ကို City Bus အသစ်များ ဝယ်ယူမည်ဖြစ်ပြီး၊ လမ်းကြောင်း (၂) ကြောင်း အတွက် ၂၀၁၅ မော်ဒယ် brand new ကားသစ် (city bus) အစီး (၆၅) စီးခန့် ဝယ်ယူမည် ဖြစ်သည်။ ကျန်သုံးစွဲမည့်အစီအစဉ်မှာ ဘတ်(စ်)ကားများထားရန် ယာဉ်ရပ်နား စခန်း၊ ပြုပြင်ထိန်းသိမ်း နိုင်ရေးအလုပ်ရုံ (workshop) ၊ ICT အခြေပြု ကွန်ယက်နှင့် LED ဘုတ်များ တည်ဆောက် ခြင်း၊ ကွန်ပျူတာ (၁၀) လုံးခန့်ရှိသည့် control room ၊ သင်တန်းခန်းမ၊ ရုံးအဆောက်အဦ စသည်တို့အတွက် သုံးစွဲမည် ဖြစ်သလို လုပ်ငန်းလည်ပတ်စရိတ်တွင် ယာဉ်မောင်းသူများအပါအဝင် ဝန်ထမ်းများလစာ၊ လောင်စာဆီအသုံးစရိတ် အာမခံကြေးဝန်ဆောင်မှုစရိတ်စသည်တို့ သုံးစွဲမည်ဖြစ်သည်။ ဝန်ထမ်းများ အနက် ကားသစ်ကြီးများကို လက်တွေ့ မောင်းနှင်မည့် ယာဉ်မောင်းများ (၆၅) ဦးကို စတင်ခန့်ထားမည် ဖြစ်ပြီး က.ည.န မှ ထုတ်ပေးသည့် တရားဝင် မောင်းနှင်ခွင့်ရှိသည့် “င” လိုင်စင်ရသူများဖြစ်ရမည်အပြင် ဘေးကင်းလုံခြုံစိတ်ချရရေးအတွက် စိတ်ကျန်းမာရေး စစ်ဆေးမှု (Psychology test) ပြုလုပ်မည် ဖြစ်သလို အိမ်ထောင်ရှိ လူလတ်ပိုင်းများ ရွေးချယ်ခန့်ထားမည်ဖြစ်ပြီး၊ လုံလောက်သည့် လုပ်ခပေးမည် ဖြစ်၍ လက်ရှိဘတ်(စ်)ကားလောကတွင် ယာဉ်မောင်းများ စည်းကမ်း ဖောက်မှုများ လုံးဝရှောင်ရှားစေမည် ဖြစ်သည်။