မေတ္တာရပ်ခံခြင်း

ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် ရန်ကုန်မြို့တော်နေ ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူ အဆင်ပြေစေရေးအတွက် BRT  Lite စနစ်ဖြင့် နောက်ဆုံးပေါ် City Bus အဆင့်မြင့် မော်တော်ယာဉ်များဖြင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းကို စျေးနှုန်းအထူးချိုသာစွာ ပြေးဆွဲပေးလျက်ရှိပါသည်။ နိုင်ငံတကာအဆင့်မီပြေးဆွဲရန် ရည်ရွယ်လျက် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ ယာဉ်စီးခကို ငွေဖြည့်ကတ် (Anypay card) စနစ်ဖြင့် သတ်မှတ် ဆောင်ရွက်ခဲ့သော်လည်း ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် Anypay card ကြိုတင်၀ယ်ယူထားခြင်း မရှိသော ခရီးသည်များကိုလည်း ယာဉ်ပေါ်ပါ ငွေထည့်ပုံးထဲသို့ ကျသင့်သောယာဉ်စီးခငွေကို ကိုယ်တိုင်ထည့်စနစ်ဖြင့် နိုင်ငံကြီးသားပီသစွာစီးနင်းစေလျက် ရှိပါသည်။

ငွေပုံးများကိုရေတွက်သည့်အခါ လွန်စွာဆုတ်ပြဲနေသော ငွေစက္ကူများ၊ တစ်ပိုင်းသာပါရှိသည့် ငွေစက္ကူများ၊ ၁ဝိ/- တန်၊ ၂ဝိ/ တန် ငွေစက္ကူများနှင့် ယာဉ်စီးခ အပြည့်အဝပေးခြင်း မရှိဘဲလိုက်ပါ စီးနင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။

ကုမ္ပဏီ၏ အကျိုးစီးပွား တိုးတက်လာပါက ခရီးသွား ပြည်သူများကို ယခုထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ရာ နိုင်ငံကြီးသား ပီသစွာ တာဝန်ကျေပွန်စွာဖြင့် သတ်မှတ်ယာဉ်စီးခကိုပေး၍ မော်တော်ယာဉ် စီးနင်းကြပါရန် လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။