Announcement on 4th April, 2016

၁။ မှတ်တိုင်တိုးချဲ့ပေးခြင်း
ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် BRT Lite အား လိုက်ပါ စီးနင်းကြသည့် ခရီးသွားပြည်သူများ ခရီးသွားလာရေး ပိုမိုအဆင်ပြေစေရန် အောက်ပါမှတ်တိုင်များကို တိုးချဲ့သတ်မှတ်လျက် ရပ်နားပြေးဆွဲလျက် ရှိပါသည်။
(က)တိလောကရပ်ကွက်(ထောက်ကြန့်)
(ခ)စက်မှုလယ်ယာ(ထောက်ကြန့်ဓနသဟာယစစ်သင်္ချိုင်းရှေ့)
(ဂ)အထူးကုဆေးရုံ(မင်္ဂလာဒုံ)
(ဃ)တပ်မတော်အရိုးကုဆေးရုံ(မင်္ဂလာဒုံ)
(င)၉မိုင်(Oceanမီးပွိုင့်အနီး)

၂။ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် BRT Lite အား (ကြိုတင်ငွေဖြည့်ကတ်) Anypay card နှင့် အားပေးကြသော ခရီးသွားပြည်သူများ Anypay card များ ငွေဖြည့်မှု လွယ်ကူစေရန်အတွက် အောက်ပါ(၈)နေရာတွင် အလွယ်တကူ ငွေဖြည့်နိုင်ပါသည်။
(က)ထောက်ကြန့်မှတ်တိုင်
(ခ)(၈)မိုင်မှတ်တိုင်
(ဂ)မလာဆောင်မှတ်တိုင်
(ဃ)မြေနီကုန်းမှတ်တိုင်
(င)သမ္မတရုံအနီးမှတ်တိုင်
(စ)ဗိုလ်တတောင်မှတ်တိုင်
(ဆ)ချော်တွင်းကုန်းမှတ်တိုင်
(ဇ)ကုက္ကိုင်းမှတ်တိုင်

၃။ခရီးသွားပြည်သူများခင်ဗျာ BRT Lite ကို Anypay card ဖြင့် ယာဉ်စီးခပေးရလွယ်ကူစေရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိူးကြောင့် ငွေထည့်ပုံးထဲသို့ ယာဉ်စီးခငွေထည့်၍ အားပေးရသော ခရီးသွားပြည်သူများလည်း ရှိပါသည်။ ထိုငွေထည့်ပုံးထဲသို့ ယာဉ်စီးခ ငွေထည့်၍ အားပေးကြသော ပြည်သူများအနေဖြင့် ငွေထည့်ပုံးထဲသို့ မိမိယာဉ်စီးခကျင့်ငွေကို တာ၀န်သိစွာ ထည့်ပေးကြပါရန်နှင့် BRT Lite ကားများပေါ်၌ CCTV များ တပ်ဆင်ထားသဖြင့် ဤကုမ္ပဏီ Website မှတဆင့် ခရီးသွားပြည်သူများ၏ တာ၀န်သိစွာ မော်တော်ယာဉ်ခ ပေးဆောင်ရမှုကို ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။